‘‘ရွှေသင်္ကန်းလေးကပ်ပေးလို့ရမလား...တဲ့’’
အဲဒီလိုစတွေ့ပြီး...ရက်တွေအကြာမှာ...
ကောင်မလေး...ရေ
ပိတ်မှောင်နေတဲ့ မြူမှုန်တွေကြားမှာ
လမ်းပျောက်ခဲ့ရပြီး..
အမှတ်တမဲ့နဲ့ မင်းနဲ့ငါသံယောဇဉ်တွေဖြစ်ခဲ့
မှတ်တမ်းတချို့အရည်ပျော် ရက်စွဲတွေမီးကျွှမ်းခဲ့
ပုံကြီးချဲ့မင်းအသိုင်းအ၀ိုင်းရဲ့ ပစ်မှတ်က
ငါရင်ဘတ်တည့်တည့် မမှန်ခဲ့ပေမယ့်
ငါ့နှလုံးသားကြေမွခဲ့ရတယ်..။
ကောင်မလေး...ရေ
မင်းကိုငါချစ်ရလွန်းလို့
အရာရာကို ငါအရှုံးပေးပြီး
ငါ့ဘ၀ကို တွင်းနက်နက်ထဲ
ထည့်မြှပ်ပြီး...မိုက်ခဲ့သူပါ..
အခုတော့....
ငါအနာဂတ်တွေဟာ
ယဉ်ယဉ်လေးနဲ့ စတ္တဇဥယာဉ်ကြီးထဲ
ဝဲပျံနေရပြီ....။
ကောင်မလေး... ရေ
မင်းအနမ်းတွေ ငါသိမ်းထားတယ်
မင်းအပြုံးတွေ ငါ့နှလုံးသားမှာသော့ခတ်ထားတယ်
မင်းရဲ့တီတီတာတာ စကားတွေကို
ငါ့နားထဲမှာ အသံလွှင့်ထားတယ်.....။
နေနိုင်။
(အမှတ်တမဲ့မှာ အမှတ်တရဖြစ်သွားတဲ့ သူအတွက်)