လမ်းခွဲရတော့မယ် နှစ်ယောက်စလုံးသိတယ်
မခွဲနိုင်မခွာနိုင် ဒါပေမယ့်...
တူတန်လို့လားဆိုတဲ့ သူ့အသိုင်းအ၀ိုင်းရဲ့
စကားတစ်ခွန်းနဲ့..လမ်းခွဲ
ရထားဥဩသံကြားတယ်...
ရထားတွက်ပြီဆိုတဲ့စာတမ်း..
အားသွန်ခွန်စိုက်ပြေး အသက်ရှူနှုန်းတွေမြန်မြန်
မောပန်းခြင်းမရှိ အသိတရားအားလုံးက
သူကိုနှုတ်ဆက်ဖို့...
ရထားဘီးလေးကတရွေ့ရွေ့လိမ့်နေပြီ
ဟား.....သူဘယ်အတွဲမှာလဲ..
ရင်တထိတ်ထိတ်နှင့် ရှာ...
တဖြည်းဖြည်းနဲ့ ရထားနဲ့ယှဉ်ပြေးရင်း...
တနေရာက......မောင်....တဲ့
ဟုတ်တယ်...ဒါသူ့အသံ
လှည့်ကြည့်လိုက်တော့...သူကတစ်ဘက်စင်ကြံမှာ
ဟင်း......။
နေနိုင်။
In : ရင်တွင်းကဗျာများ