နေမမြင် လေပြေသာဆောင်လို့ 
ခြောက်သွေ့ခါ ချမ်းစိမ့်စိမ့်နှင့်
တိမ်ညိုဝယ်အုံမှိုင်းချီတော့
စိမ်းဖန့် ဖန့် တောတောင်ရိပ်သည်မှ
ရွှေပန်းချီ ပိတ်ကားရောင်မှားလို့ 
အို ... သဘာဝရဲ့ရူ့ ခင်းအမြင်
ရင်ထဲမယ်လွမ်းတသသနှင့်
ဤအချိန်ဤအခါ
ကိုယ့်ဌာနေရောင်စုံမီးလျှံနဲ့ 
ပျော်တော့မောင်ဌာနေဆီသို့ 
မှန်းဆကာတွေးလိုက်တော့
သီတင်းကျွတ်လို့ တန်ဆောင်နိုင်ဝင်
အခါတော်ပေးလေပြေအေးနဲ့ 
ဌာနေဝေးရေမြေခြားလို့ 
ရင်ထဲဝယ်လွမ်းတဲ့စိတ်ဖြင့်
ရာသီအပြောင်း ဘီယာဖြတ်ဖို့ 
သတိပေးတဲ့လေပြေအေးကယ်ကြောင့်
ပုလင်းရယ်ဖြင့် အစိမ်းကိုစွန့် လို့ 
အရောင်ရယ်အနီကိုဖြင့်
ပြေးမြင်ခါမော့လိုက်ချင်ရဲ့
အို . . .သူငယ်ချင်းတို့ 
ဆောင်းရောက်ပြီလေး...။
နေနိုင်
( 26၊10၊2010 )