ကျွန်တော်ချစ်သူ
လင်းလက်ဝါ၀ါ ဖြူပြာရောင်စုံ
ကျွန်တော်ချစ်သူ၊ချိန်းဆိုရက်သက်
ဆုံရန်အချိန်နီးလာခါမှ၊မိုးပျရွာချ
အေးမြနိမိတ် ဆောင်ကြဉ်းသော်လည်း
ငွေဖြူပမာ လေညှင်းလာ၍
ခုန်ထွက်သွားတဲ့ ဒီနိမိတ်
မိုးရေတစ်စက် တစ်ဖွဲဖွဲနှင့်
ကြွေခဲ့ရတဲ့ ဒီမောင့်အသည်း
အခါခါကွဲ ရက်စက်ပါဘိ
ကျွန်တော်ချစ်သူ..။
မြေမှာခစား အချစ်ကျေးကျွန်
ရာသီအလီလီ လွမ်းမောတသသ၊
မိုးစက်တွေကြား လွမ်းရပါဘိ
ကျွန်တော်ချစ်သူ......။
နေနိုင်.