ဒီဘဝ

November 20, 2010
ဘယ်လိုမှာ မျက်နှာသာမပေးတဲ့
လေမုန်းတိုင်းတစ်ခု ငါ့ရင်ထဲကို
ဝင်မွှေသွားခဲ့ပြီ....
ဘယ်လိုမှာ မမှီလိုက်တော့ဘူး
ဒူးညွှန့်ခွေကျပြီး၊ အသက်ရှူဖို့အားခဲနေတုန်း
ငါ့နှလုံးသား ရပ်ဆိုင်းသွားခဲ့ပြီ...
ရက်စက်လိုက်ကျတာ..၊
ငါ့ခန္ဓာကိုယ် ငါပြန်မြင်ရပြီ
ပကတိ ဘာသက်မဲ့ပစ္စည်းတစ်ခုမှာမပါ
ငါ့ကိုယ်ငါမသိ
ခုနက ကြေကွဲမှုအတိုအထွာတွေနဲ့
မွန်းကြပ်နေတဲ့ ငါ့နှလုံးသားအကြား
အသက်ရှူဖို့ ကြိုးစားခဲ့သေးတယ်...
အခု...ငါဆိုတဲ့ငါနဲ့
ငါဆိုတဲ့ခန္ဓာကိုယ်..နှစ်ခု
ဒါဆို..ငါဆိုတဲ့ငါက ၀ိညဉ်ပေါ့
ချစ်သူလေး ငါခန္ဓာကိုယ်ကို ပွေ့ဖတ်ပြီး
ငိုနေတယ်....
ငါသေမှာပဲ မင်းပွေ့ဖတ်ငိုရလား
ချစ်သူရယ်.....
သေခြင်းတရားဆိုတာ ငါရင်ဆိုင်ခဲ့ပြီးပြီ
မငိုပါနဲ့တော့ ချစ်သူရယ်..
မင်းမျက်လုံးတွေ ဖောင်းအစ်နေပြီ
တိတ်ပါတော့....
ငါတို့တွေ ဘ၀ခြားသွားပြီ
နေရစ်ခဲ့တော့...ချစ်သူရယ်...
ကံကြမ္မာရဲ့ ရက်စက်မှုတွေနဲ့
ငါတို့ ..ရှင်ကွဲရော၊သေကွဲပါ
ကွဲခဲ့ရပြီလေ...ဖြေသိပ့်လိုက်ပါ..
ငါကတော့ဖြစ်လာမဲ့ ဘ၀တိုင်းမှာ
မင်းကိုတမ်းတမျှော်နေပါ့မယ်...နေရစ်ခဲ့တော့
ချစ်သူရယ်...။

                                နေနိုင်။
 

ကောင်မလေး....ရေ

November 20, 2010
‘‘ရွှေသင်္ကန်းလေးကပ်ပေးလို့ရမလား...တဲ့’’
  အဲဒီလိုစတွေ့ပြီး...ရက်တွေအကြာမှာ...
  ကောင်မလေး...ရေ
  ပိတ်မှောင်နေတဲ့ မြူမှုန်တွေကြားမှာ
  လမ်းပျောက်ခဲ့ရပြီး..
  အမှတ်တမဲ့နဲ့ မင်းနဲ့ငါသံယောဇဉ်တွေ...

Continue reading...
 

လွဲ

November 4, 2010

လမ်းခွဲရတော့မယ် နှစ်ယောက်စလုံးသိတယ်
မခွဲနိုင်မခွာနိုင် ဒါပေမယ့်...
တူတန်လို့လားဆိုတဲ့ သူ့အသိုင်းအ၀ိုင်းရဲ့
စကားတစ်ခွန်းနဲ့..လမ်းခွဲ
ရထားဥဩသံကြားတယ်...
ရထားတွက်ပြီဆိုတဲ့စာတမ်း..
အာ...


Continue reading...
 

Make a free website with Yola