လက်ကျန်မရှိတဲ့အချစ်
မြောက်များလှစွာသော အတွေးထဲ
ငါရစ်ဝဲရင်း ရူးသွပ်ချင်တယ်
မူမပိုင်.. လိုင်စင်မရှိတဲ့
ဒီဘ၀...ဘယ်သူဖန်တီးပေးမလဲ
ဘာလဲ..ကံကြမ္မာလား၊ကံလား
တော်ကြပါတော့ အခြေမခိုင်သေးတဲ့
ငါ့ဘ၀ကို ဒီအတိုင်းပဲကြည့်နေလည့်ပါ
ထားသွားကြပါ. ငါ့နှလုံးသားတွေနုနယ်သေးလိုပါ
ချန်ရစ်ခဲ့ပါ..လက်ကျန်အရက်တစ်ခွက်နဲ့ပဲ
ငါမိုးလင်းလိုက်တော့မယ်...
အချစ်ဆိုတာ သီချင်းတစ်ပုဒ်လို
ဆိုပြီး.. ပြီးခဲ့ပြီတဲ့...အော်
ငါမှာဖြစ် လွမ်းရင်း...မောရင်း..နဲ့..။
နေနိုင်.