သံသရပုဒ်မ

တိမ်ညိုတွေ အုပ်ဆိုင်းပြီး
မိုးဖွဲတွေ တဖျောက်ဖျောက်နဲ့
မိုးချုံးသံက တတုန်းတုန်း
ငါရင်ထဲမှာ ပူလောင်းနေပြီ
မင်းလေးကတော့ ငါကိုပုဒ်မတွေ
တသီကြီးနဲ့ တရားစွဲ
ငါအခါခါ အယူခံဝင်ခဲ့ပေမယ့်
သက်သေ ခိုင်လုံတယ်ဆိုပြီး
ငါ့အယူခံကိုပယ်ချ ပိတ်ဆို့မှုတွေနဲ့အတူ
ငါဘ၀ကိုထားရစ်ခဲ့မှာလား
တကယ်ဆို မင်းလဲငါလို ခံစားနေရမှာပါ...
အသိတရားတွေကိုဖွင့်ထုတ်
ဆင်ချင်မှုတရားတွေနဲ့ ရောနှောပြီး
နှလုံးသားနာကျင်မှုတွေကို မျှဝေလိုက်စမ်းပါ
ငါလဲမင်းနဲ့အတူ ဒဏ်ရာရနေတဲ့သူပါ
နားလည်မှုနဲ့ အရင်းတည်ပြီး
သံယောဇဉ်နဲ့ အယူခံဝင်ခွင့်ပြူပါ
ပြစ်မှုတိုင်းမှာ သံသရတွေကို ထိန်းချန်ခြင်းဖြင့်
လွှတ်ငြိမ်းခွင့်ပြုပါလား.....။

                                    နေနိုင်.