ဟွန်းဇုန်
ခေါ်ဆိုနေတဲ့ ဖုန်းက
လူကြီးမင်းတွေ့နဲ့ နှစ်သိပ့်တယ်
မင်းအနမ်းတွေ ဒီရေမတက်သေးဘူး
ငါ့အလွမ်းတွေသာ ရောက်လေရာကျောက်ချတယ်
ပါးနပ်စွာ ပုန်းခိုသွားတဲ့မင်းခြေသံတွေ
ငါရင်ဖက်ထဲမှာ ခဏခဏမြည်နေဆဲ..
မင်းပါးပြင်ထက်က ပါးကွက်ကြားရနံ့လေးတွေ
ငါအိမ်မက်ထဲမှာခုထိပေကျံနေဆဲ၊
မျှော်လင့်ခြင်းတွေ ပြန်မလာသေးသမျှ
ငါ့ကိုငါ လိပ်စာခဏခဏမှားတယ်
ခုငါဆိုနေတဲ့ သီချင်းက
မီးမထွန်းဘဲလင်းနေတဲ့ သတိရခြင်းတွေအကြောင်း
ငါဆောင်းဟာ နှင်းတွေနဲ့ လမ်းခွဲခဲ့ရတယ်
ဘာလိုခတ်ဆစ်တွေကို ကျက်နေအုံးမှာလဲ
မင်းအဘိဓာန်မှာငါကသတ်ပုံခဏခဏလွဲတယ်..
ဒီလိုနဲ့ မင်းအချစ်ရဲ့ဟွန်းမဲ့ဇုန်မှာ
ငါ့နှလုံးသားက ဟွန်းခဏခဏယောင်တယ်....။
လင်းလက်တာရာ