ခေတ်ပျက်အိမ်
ဆည်းလည်းသံက မသာယာမချိုမြိန်တော့ဘူး
အိမ်ရှေ့ဘုရားစင်က ပန်းလဲညှိုးနေပြီ
ဧည့်ခန်းထဲချိတ်ဆွဲထားတဲ့ နာရီလဲ
စက္ကန့် မိနစ်တွေ မရွေ့လျားတော့ဘူး
တော်ဝင်သနပ်ခါးကျောက်ပြင်ကြီးကလဲ
ပင့်ကူအိမ်တွေနဲ့.......
ဂန္တာဝင်ဆန်ဆန် မီးဖိုချောင်ကလဲ ခြောက်ကပ်ကပ်
ရေဆွဲတုန်ကင်က တချွတ်ချွတ်နဲ့
အိုမြည်းနေ......ဒီလို
ငါ့နှလုံးသား အေးစက်စက်နဲ့ အပြင်းဖျား
မျက်ရည်စက်တစ်ချို့
ခံစားချက်မဲ့စွာ ညစ်ညူး
မင်းကျောခိုင်းသွားတဲ့ ငါဘ၀ကြီး
အနှစ်မရှိ ယောင်ချာချာနဲ့
ခေတ်ပျက်ညမှာ နေ၀င်ခဲ့ရပြီ....။
နေနိုင်
(၂၀.၇.၂၀၁၁)